CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ မြန်မာ့တပ်မတော် စစ်စခန်းများအား တိုက်ခိုက်နေသော ညီနောင်မဟာ မိတ် ၃ ဖွဲ့ (MNDAA-AA-TNLA)တို့ကို ဆန့်ကျင်ပြီး မြန်မာ့တပ်မတော်အား ထောက်ခံကြောင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ တပ်မတော် ထောက်ခံခြင်းနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကို မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များက ဦးဆောင်သည်ကိုတော့ မသိရပေ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင် ရေးကို ဖော်ဆောင်၍ မြို့သိမ်းတိုက်ပွဲများ လုပ်နေသည်။