CNI International News

မနီလာ၊ နိုဝင်ဘာ ၂၁ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အတွက် ဖြေရှင်း ရန် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ကြာင်း CNA မှ ဖော်ပြခဲ့သည်။ 

နိုဝင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်အီ (Hawaii) တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခု၌  ဗွီဒီယို ဆက်သွယ်မှုမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ အာဆီယံအဖွဲ့၏ လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ သက်ရောက်မှု အပါအဝင် မြန်မာ့အရေးသည် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ အာဏာကို ရယူပြီးချိန်ကတည်းက လူပေါင်း ၁ သန်းကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တွေ့ရစဉ်

"အာဆီယံအတွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြီးမားတဲ့ တွန်းအားရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်း၊ အရမ်းကို ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်" ဟု မားကို့စ်က ပြောသည်။

ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နေရာအတွက် မြန်မာနိုင်ငံနေရာတွင် အစားထိုး တာဝန်ယူ မည် ဖြစ်သည်။

ပြီးခဲ့သည့်လက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးကတည်းက လူပေါင်းများစွာ အိမ်မဲ့ရာမဲ့ ဖြစ်ခဲ့သည်။ 

မကြာသေးမီ နှစ်များအတွင်း ပဋိပက္ခများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများ မြင့်တက်လာခဲ့ပြီး ထိုအခြေအနေ၏ သက်ရောက်မှုကို ဖိလစ်ပိုင်နိုင်ငံလည်း ခံစားခဲ့ရကာ ဖိလစ်ပိုင်နိုင်ငံသား များသည်လည်း လူမှောင်ခို ကူးခံခဲ့ရသည်ဟု မားကို့စ်က ပြောကြားခဲ့သည်။

Source: CAN