CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဆက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား လက်နက် ကိုင်များ ရှိရာဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများကို အဓိကဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲသို့ NSPNC ဘက်က NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ် ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်တို့ တက်ရောက်ခဲ့ပြီး EAOs များဘက်ကတော့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(A LP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီ၊ လား ဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျာဖူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟို ဦးဆောင်ကော်မတီဝင် နန်းစံဖောင်း၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဆက်ဆံရေးဌာနမှူး စောကျော်သန်းဋ္ဌေးတို့ တက်ရောက်ခဲ့ကြသည်။