![](/images/hjfhgjfhgjfjfg.jpg#joomlaImage://local-images/hjfhgjfhgjfjfg.jpg)
- By CNI
- Category: အားကစား
- Hits: 502
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
မက်ဆီရဲ့ သားအကြီးဆုံးဖြစ်တဲ့ သီယာဂိုမက်ဆီဟာ နိုင်ငံကိုယ်စားပြုအဖြစ် အာဂျင်တီးနားအသင်းနဲ့ စပိန်အသင်း ကြားမှာ အာဂျင်တီးနားအသင်းကို ရွေးချယ်မယ်လို့ ပြောသွားခဲ့ပါတယ်။
သီယာဂိုမက်ဆီက “အဖေ ကစားတာကို ကြည့်ရတာထက် ကျနော်ကိုယ်တိုင် ကစားတာက ကျနော့်ကို ပိုပြီး စိတ်လှုပ်ရှားစေပါတယ်။ ကျနော်ဟာ ဘယ်ခြေနဲ့ ကောင်းမွန်စွာ မလုပ်နိုင်ပါဘူး။ ကျနော်ဟာ အာဂျင်တီးနား အသင်းနဲ့ ကစားချင်ပါတယ်။ စပိန်က ကျနော့်ကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းရှိတယ်လို့ မထင်ကြောင်း”Mundo Deportivo နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၁၁ နှစ်အရွယ်ရှိ သီယာဂိုဟာ ဖခင်ဖြစ်သူ ဘာစီလိုနာအသင်းမှာ ကစားချိန် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုဟာ ကတ်တလန်ဇာတိ ဖြစ်တာကြောင့် စပိန်အသင်းကို ကိုယ်စားပြုခွင့် ရှိနေတာပါ။
ဒါပေမယ့် မက်ဆီနဲ့ ဇနီးသည် အန်တိုနယ်လာတို့ဟာ အာဂျင်တီးနားလူမျိုးတွေ ဖြစ်တာကြောင့် သီယာဂိုက သူ့မိဘတွေရဲ့ အာဂျင်တီးနားနိုင်ငံအတွက်ပဲ ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုမက်ဆီနဲ့ မိသားစုကိုတွေ့ရစဉ်
သီယာဂိုဟာ ဖခင်ဖြစ်သူလို ဘာစီလိုနာအသင်းမှာ ကစားဖို့လည်း ဆန္ဒရှိနေတာပါ။
သီယာဂိုက သူဟာ လက်ရှိ ဘာစီလိုနာအသင်း ကြယ်ပွင့်ဖြစ်တဲ့ ယာမဲလ်နဲ့အတူ တွဲဖက်ပြီး ကစားချင်တယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။
ယာမဲလ်ဟာ အသက် ၁၆ နှစ်အရွယ်နဲ့ ဘာစီလိုနာ၊ စပိန်အသင်းတွေမှာ ခြေစွမ်းပြသနေပြီး စံချိန်သစ်တွေ အများအပြားကို တင်ရှိထားတာပါ။
သီယာဂိုဟာ လက်ရှိအချိန်မှာ ဖခင်ဖြစ်သူ ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ အကယ်ဒမီမှာ ကစားနေပြီး ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။
Source: Goal
![](/images/hgjfhjfhfghfhj.jpg#joomlaImage://local-images/hgjfhjfhfghfhj.jpg)
- By CNI
- Category: အားကစား
- Hits: 635
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးဘဲ စာချုပ်သစ်က လွယ်လွယ်နဲ့မပြီးဘူးလို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်နဲ့ ကျနော်ဟာ စာချုပ်သစ်အတွက် သဘောတူညီချက်ကို ရှာဖွေနေပါတယ်။ ဒါက လွယ်လွယ်နဲ့ ပြီးမှာမဟုတ်ပါဘူး။ ကျနော်တို့ ဆက်ပြီးဆွေးနွေးမှုတွေ ပြုလုပ်ရမှာပါ။ ယူနိုက်တက်က သူတို့ဟာ တူချယ်လ်နဲ့ စကားပြောခဲ့တယ်ဆိုတာ ကျနော့်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့မှာ အကောင်းဆုံးနည်းပြ ရှိပြီးသားဖြစ်တဲ့အတွက် ဒါက အဆုံးသတ်သွားခဲ့ပါတယ်”လို့ ဒတ်ချ်ရုပ်သံလိုင်း NOS ကို ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို FA ဖလား ရယူပေးနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ အသင်းနည်းပြအဖြစ် ဆက်ရှိမယ်လို့ INEOS က သူ့ကို ပြီးခဲ့တဲ့အပတ်က အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာပြီဖြစ်လို့ ယူနိုက်တက်အသင်းဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာပါ။
အဲရစ်တန်ဟတ်ကတော့ စာချုပ်သစ်အတွက် ယူနိုက်တက်အသင်းနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့အနာဂတ်ကို ဖြေရှင်းဖို့ အားလပ်ရက် အပန်းဖြေ အနားယူနေတဲ့ အိုင်ဘစ်ဇာမှာ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ ရာသီမှာ ကာရာဘောင်းဖလားနဲ့ FA ဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ ဇူလိုင်အစပိုင်းမှာ ပြန်လည်စတင်မယ့် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ပူးပေါင်းဖို့ မကြာခင် ရက်ပိုင်းအတွင်း ကာရင်တန်ကို ရောက်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်ခင် ပထမဆုံး ခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၅ ရက်မှာ ရိုဆင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ ဆားဘီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက် အသင်းဟာ ဂိုးတွေအများကြီး သွင်းယူနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါ တယ်။
ဆောက်ဂိတ်က “ဒီပွဲမှာ ဟာရီကိန်းရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာ ကျနော်တို့ ဂိုးတွေအများကြီး သွင်းယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိပါတယ်။ ဆားဘီးယားအသင်း ဟာ ဒီပွဲမှာ ခံစစ် ၅ ဦးနဲ့ ကစားခဲ့တာကြောင့် အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ မလွယ်ကူခဲ့ပေမယ့် ကျနော်တို့ လုပ်နိုင် ခဲ့ပြီး သွင်းဂိုး ၁ ဂိုးက လုံလောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ရဲ့ ကစားပုံကို ကျေနပ်မိပြီး ဒုတိယပိုင်းမှာ တော့ ပွဲကိုကောင်းမွန်စွာ မထိန်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ပွဲနဲ့ စတင်တာက အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့ တာပါ။
ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပွဲချိန် ၁၃ မိနစ်မှာ ဘယ်လင်ဂမ် က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပေမယ့် ဆားဘီးယားအသင်းနဲ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်က ပရိသတ်တွေအတွက် ကျေနပ်စရာမရှိခဲ့တာပါ။
အင်္ဂလန်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ကွင်းလယ်လူ အာနိုးလ်က အင်္ဂလန်အသင်း တိုးတက်ဖို့ လိုတယ်ဆိုတာ သူတို့သိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာနိုးလ်က “ဘောလုံးပြိုင်ပွဲမှာ အနိုင်ရဖို့က အရေးကြီးဆုံးပါပဲ။ အဲဒါကြောင့် လက်ရှိအရှိန်ကို ဆက်ထိန်းရမှာ ဖြစ်ပြီး ပြိုင်ပွဲမှာ ကျနော်တို့ တိုးတက်ဖို့ လိုတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ သင်ယူမှုတွေ ပြုလုပ်ရ မှာပါ။ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်ခဲ့တဲ့ အရာတွေကို ကြည့်ပြီး ပျော်ရွှင်ဖို့လည်း လိုပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၀ နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းမှာရော အင်္ဂလန်အသင်းမှာပါ ခြေစွမ်း ပြသနေတာဖြစ်ပြီး နည်းပြဆောက်ဂိတ်က သူဟာ သူ့ကိုယ်ပိုင် ဇာတ်ညွှန်းတွေကို ရေးသားနေတယ်လို့ ချီးကျူးခဲ့ ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၀ ရက်မှာ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။
Source: Dailymail
![](/images/dhetjetujtujteutd.jpg#joomlaImage://local-images/dhetjetujtujteutd.jpg)
- By CNI
- Category: အားကစား
- Hits: 705
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးရပ်ပြီး လဲကျခဲ့တဲ့ အဲရစ်ဆန်ဟာ ၃ နှစ်အကြာ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ဒိန်းမတ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒိန်းမတ်အသင်းနဲ့ ဆလိုဗေးနီးယားအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းအတွက် ပွဲချိန် ၁၇ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် ပွဲချိန် ၇၇ မိနစ်မှာ ဆလိုဗေးနီးယားအသင်းက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ် နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရပ်သွားခဲ့ပြီးနောက် ကုသမှုတွေခံယူကာ ရက်ပေါင်း ၁,၁၀၀ အကြာ ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲရစ်ဆန်က “ဂိုးသွင်းနိုင်တာက အလွန်ကောင်းမွန်ပြီး ကောင်းမွန်တဲ့အချိန်တွေ ရောက်ရှိလာခဲ့ပါတယ်။ ကျနော်တို့က တည်ကန်ဘောတွေကနေ ဂိုးသွင်းဖို့ ပြောဆိုခဲ့ကြပြီး လုပ်နိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့တာက တခြားသူတွေကလည်း ဒီလိုပဲလုပ်ခဲ့တာပါ။ ဒိန်းမတ်ပရိသတ်တွေ အများကြီးအားပေးတာက အလွန်ကောင်းပါ တယ်”လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်ကို တွေ့ရစဉ်
အဲရစ်ဆန်ဟာ နှလုံးရပ်သွားခဲ့တဲ့အချိန် စီးရီးအေကလပ် အင်တာမီလန်အသင်းမှာ ကစားနေတာဖြစ်ပြီး နောက်ပိုင်းမှာ အသင်းက နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ကစားသမားဟာ ဘရန်ဖို့ဒ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်အသင်းထံ ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် နည်းပါးခဲ့တာကြောင့် သူ့ကို ယူရို ၂၀၂၄ ပြိုင်ပွဲဝင် လူစာရင်းမှာ ရွေးချယ်ခဲ့တဲ့အပေါ် ဒိန်းမတ်အသင်းဟာ ဝေဖန်မှုတွေခံခဲ့ရတာပါ။
ဒိန်းမတ်အသင်းနည်းပြက အဲရစ်ဆန်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူ့အပေါ်မှာ ဘယ်တော့မှ သံသယဝင်ခဲ့ခြင်း မရှိဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက ဒိန်းမတ်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အဲရစ်ဆန်ဟာ နိုင်ငံအသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားထားပြီး ၄၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN
![](/images/fghjfghfjgfhjfgjf.jpg#joomlaImage://local-images/fghjfghfjgfhjfgjf.jpg)
- By CNI
- Category: အားကစား
- Hits: 1442
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဥရုဂွေးအသင်းကွင်းလယ်လူ ဘန်တန်ကာဟာ စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် ပြောခဲ့မိတဲ့အတွက် တောင်းပန်လိုက်ပါတယ်။
ဘန်တန်ကာဟာ ဥရုဂွေး TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင် အပါအဝင် တောင်ကိုရီးယား လူတွေ ဟာ ရုပ်အတူတူပဲလို့ နောက်ပြောင်ပြီး ပြောခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။
သူပြောခဲ့တဲ့ မှတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာကြောင့် ဘန်တန်ကာဟာ ဆွန်ဟောင်မင်ကို တောင်းပန် ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘန်တန်ကာက “ဆွန်နီရေ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို တောင်းပန်ချင်ပါတယ်။ ဒါက အလွန်ဆိုးရွားတဲ့ နောက်ပြောင်မှုပါ။ ငါဟာ မင်းကို လေးစားမှု မရှိတဲ့အရာတွေ ဘယ်တော့မှ လုပ်မှာမဟုတ်သလို ထိခိုက် နာကျင်အောင်လည်း မလုပ်ပါဘူး။ တခြားသူတွေကိုလည်း ဒီလိုမျိုးအရာတွေလုပ်မှာ မဟုတ်ပါဘူး။ ငါ မင်းကိုချစ်တယ်”လို့ ရေးသားထားတာပါ။
ဘန်တန်ကာဟာ လက်ရှိအချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥရုဂွေးအသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင် အမေရိကန်၊ ပနားမား၊ ဘိုလီဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာပါ။
ဆွန်ဟောင်မင်ကတော့ တောင်ကိုရီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားပြီးလို့ အနားယူနေပါတယ်။
ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် တက်ရောက်နိုင်အောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
Source: CNA
![](/images/hjfgjhgjhfj.jpg#joomlaImage://local-images/hjfgjhgjhfj.jpg)
- By CNI
- Category: အားကစား
- Hits: 1782
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပေါ်တူဂီရဲ့ လက်ရှိ မျိုးဆက် ကစားသမားတွေဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ဒီမျိုးဆက်ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ထိုက်တန်တယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဆီမီးဖိုင်နယ် ထက် ပိုပြီးသွားနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့ တဆင့်ပြီးတဆင့် သွားရမှာဖြစ်ပြီး လုပ်နိုင်မယ်ဆိုတာ ကို ယုံကြည်မှုရှိရပါတယ်။ ဒါက တိုတောင်းတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် အသင်းတိုင်းက အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့ တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတဲ့ ပေါ်တူဂီအသင်းမှာ ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ပီအက်စ်ဂျီအသင်းက ဗီတင်ဟာ၊ မန်စီးတီးအသင်း ကစားသမားတွေဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား၊ ရူဘင်ဒီယက်ဇ်တို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်တာဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲကို ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရော်နယ်ဒိုဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ တုန်းက အတူပါဝင်ခဲ့တဲ့ နောက်ခံလူ ပီပီ၊ ဂိုးသမား ပါထရီစီယိုတို့နဲအတူ ပေါ်တူဂီအသင်းကို ဦးဆောင်မှာပါ။
ပေါ်တူဂီအသင်းကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက အိုင်ယာလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲစဉ်မှာ ၂ ဂိုး သွင်းယူပြီးနောက် သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ ၁၃၀ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ နည်းပြ ရောဘတ်တိုမာတီနက်ဇ် လက်အောက်မှာ ပထမဆုံးယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောထားတာပါ။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချက်၊ တူရကီ၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 387
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဝါရင့်ကွင်းလယ်လူ မိုဒရစ်က သူ့ရဲ့ ရီးရယ်လ်အသင်း အနာဂတ်ကို မကြာခင်မှာ ထုတ်ဖော်မှာဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ ခရိုအေးရှားအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်က “ရီးရယ်လ်နဲ့စာချုပ်သစ်ကို မကြာခင် ခင်ဗျားတို့သိရမှာပါ။ အခုအချိန်မှာ ကျနော်ဟာ ခရိုအေးရှား အတွက်ကို အပြည့်အဝ အာရုံစိုက်နေပါတယ်။ အချိန်တန်ရင် ဒါကို လူတိုင်းသိမှာပါ။ ကျနော်အများကြီး မပြော တော့ပါဘူး”လို့ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ စပိန်ကလပ်နဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ မိုဒရစ်ဟာ နိုင်ငံအသင်းနဲ့အတူ သူ့ရဲ့ ၉ ကြိမ်မြောက် အဓိကပြိုင်ပွဲအဖြစ် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
မိုဒရစ်ကို တွေ့ရစဉ်
ဒီပြိုင်ပွဲဟာ မိုဒရစ်အတွက် ခရိုအေးရှားကစားသမားဘဝ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။
မိုဒရစ်က “ကျနော်ဟာ အရှေ့ကို အများကြီး မတွေးနိုင်တော့တဲ့ အရွယ်ကို ရောက်နေပါပြီ။ ကျနော်ဟာ ဘောလုံး အတွက် အချိန်တွေ အများကြီး မကျန်တော့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်အကြာထိ ဆက်ရှိ မလဲဆိုတာ ကျနော်မသိပါဘူး။ အသက်အရွယ်အထက် အရေးကြီးဆုံးက ကွင်းထဲမှာ ခင်ဗျားပြသနိုင်တဲ့ အရာပါ” လို့ ပြောခဲ့တာပါ။
မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားအသင်းဟာ ဒီနေ့မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
![](/images/fhjfghjghjfghjfgj.jpg#joomlaImage://local-images/fhjfghjghjfghjfgj.jpg)
- By CNI
- Category: အားကစား
- Hits: 957
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းက ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ စကော့တလန်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တာက ဒီပြိုင်ပွဲရဲ့ အိမ်ရှင်အတွက် ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
နာဂျယ်လ်စမန်းက “ဒါက ပထမခြေလှမ်းဆိုတာ အသင်းက သိပါတယ်။ ဒါက အလွန်ကောင်းမွန်သလို အလွန် လည်း အရေးကြီးပါတယ်။ ဒါဟာ ကျနော်တို့ တည်ဆောက်နိုင်ခဲ့တဲ့ အရာတစ်ခုပါ။ ကျနော်တို့ဟာ ကစားကွက် ကနေ သူတို့ကို ဘယ်လိုအခွင့်အရေးမှ ခွင့်မပြုခဲ့ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ပျော်ရွှင်ပြီး တစ်ပွဲလုံးကို အာရုံစိုက်နိုင်ခဲ့ပါတယ်။ ကစားသမားတွေဟာ ဂိုးပြန်ပေးခဲ့ရလို့ စိတ်ပျက်နေပြီး ဒါက ကောင်းမွန်တဲ့ လက္ခဏာ”လို့ ITV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ပွဲမှာ အိမ်ရှင် ဂျာမနီအသင်းက ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီအသင်းအတွက် ဂိုးတွေကို ဖလော်ရီယန်ဝက်ဇ်၊ မူစီယာလာ၊ ဟာဗက်ဇ်၊ ဖူလ်ခရက်နဲ့ အမ်မရီချန်တို့က သွင်းယူခဲ့ပြီး စကော့တလန်အသင်းအတွက် ချေပဂိုးကို ဂျာမနီအသင်းနောက်ခံလူ ရူဒီဂါက ကိုယ့်ဂိုးကိုယ်သွင်း ယူခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၄၄ မိနစ်မှာ စကော့တလန်အသင်းက ပေါ်တီးရက်စ်တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ ယှဉ်ပြိုင်နေစဉ်
စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်က စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နိုင်ငံအသင်း ပရိသတ်တွေအနေနဲ့ ယုံကြည်မှုကို ဆက်ပြီးထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
စတိဗ်ကလာ့ခ်က “ကျနော်တို့ဟာ စံနှုန်းအတိုင်း မကစားနိုင်ခဲ့ပေမယ့် ဂျာမနီအသင်းက အလွန်ကောင်းတယ်လို့ ထင်ပါတယ်။ ဒီရလဒ်ကို ကျနော်တို့ အလွန်စိတ်ပျက်မိပါတယ်။ လာမယ့် ၂ ပွဲမှာ ၄ မှတ်လိုအပ်နေပြီး ဒါကို ရယူနိုင်ဖို့ အာရုံစိုက်သွားရမှာပါ။ ကျနော်တို့ ဖြတ်ကျော်နိုင်မှာဖြစ်တဲ့အတွက် ယုံကြည်မှုဆက်ပြီးထားရှိပေးပါ”လို့ ပြောခဲ့တာပါ။
အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၁၉ ရက်မှာ ဂျာမနီအသင်းက ဟန်ဂေရီအသင်း၊ စကော့တလန်အသင်းက ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: tntsports
- By CNI
- Category: အားကစား
- Hits: 654
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
ပြီးခဲ့တဲ့လက အက်ဆစ်အပက်ခံခဲ့ရတာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မလေးရှားဘောလုံးသမား ဖိုင်ဆဲလ်ဟာလင်က သူ့ကို တိုက်ခိုက်တဲ့သူတွေကို အမြန်ဆုံးတရားစီရင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဇွန် ၁၃ ရက်က ပြောခဲ့ပါတယ်။
ဖိုင်ဆဲလ်ဟာလင်က “ကျနော်ဟာ ဘောလုံးလောကထဲကို ပြန်လာနိုင်မလားဆိုတာ မသိပေမယ့် ဘောလုံးကွင်းထဲ ပြန်ဝင်နိုင်ဖို့အတွက် လူတွေက ဆုတောင်းပေးမယ်လို့ မျှော်လင့်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းမိပြီး တရားရုံးမှာ စွဲချက်တင်နိုင်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်။ ဆရာဝန်က ကွင်းထဲ ပြန်ဝင်နိုင်ဖို့ ၆ လ အထိစောင့်ကြည့်ရမယ်လို့ ပြောထားပေမယ့် ကျနော်ကတော့ နောက် ၁ လ၊၂ လအတွင်းမှာ ကွင်းထဲပြန်ဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
မေ ၅ ရက်က တိုက်ခိုက်ခံရပြီးနောက် ဖိုင်ဆဲလ်ဟာလင်ဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ထွက်ပေါ်လာပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အမြန်ဆုံးကောင်းမွန်လာဖို့ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
မလေးရှားလက်ရွေးစင်နဲ့ ဆီလန်ဂေါအသင်းရဲ့တောင်ပံကစားသမား ဖိုင်ဆဲလ်ဟာလင်ဟာ ဈေးဝယ်စင်တာ တစ်ခုမှာ အက်ဆစ်နဲ့ ပက်ပြီးတိုက်ခိုက်ခံခဲ့ရတာပါ။ အဲဒါကြောင့် ဖိုင်ဆဲလ်ဟာလင်ဟာ မျက်နှာ၊ လက်မောင်း၊ ခန္ဓာကိုယ်တို့မှာ လောင်ကျွမ်းဒဏ်ရာတွေရရှိခဲ့ပြီး သူ့ရဲ့စကားပြောဆိုမှုနဲ့ လှုပ်ရှားမှုကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဖိုင်ဆဲလ်ဟာလင်ဟာ ဆေးရုံမှာ ၃ ပတ်ကြာနေခဲ့ရပြီး အရေပြားလောင်ခဲ့တဲ့အတွက် ခွဲစိတ်မှုအများအပြားပြုလုပ်ခဲ့ရတာပါ။
ဖိုင်ဆဲလ်ဟာလင်အပါအဝင် အခြားဘောလုံးသမားတွေလည်း တိုက်ခိုက်မှု တွေခံနေရတာကြောင့် ကလပ်အသင်းအချို့ဟာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ လူ ၂ ဦးကို ဖမ်းဆီးခဲ့ပေမယ့် သူတို့ကို စွဲချက်တစုံတရာမှ မပြုလုပ်ဘဲ ပြန်လွှတ်ပေးခဲ့တာ ကြောင့် ဒီအဖြစ်အပျက်နောက်ကွယ်မှာ ဘာရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရတာပါ။
ဖိုင်ဆဲလ်ဟာလင်ဟာ မလေးရှားအသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားပြီး ၁၅ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia
![](/images/gfjdfgjdhjghjfgj.jpg#joomlaImage://local-images/gfjdfgjdhjghjfgj.jpg)
- By CNI
- Category: အားကစား
- Hits: 219
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဒဏ်ရာကြောင့် UFC 303 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ UFC အမှုဆောင်အရာရှိချုပ် ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။
ဇွန် ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ မက်ဂရီဂေါဟာ အမေရိကန်ဖိုက်တာ ချန်ဒလာနဲ့ ဝယ်လ်တာဝိတ်ထိုးသတ်ဖို့ စီစဉ်ထားတာပါ။
အခုအချိန်မှာတော့ သူတို့ ၂ ဦးပြန်လည်ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ဘယ်အချိန်မှ ပြန်ကျင်းပမလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒါ့အပြင် မက်ဂရီဂေါ ရရှိတဲ့ဒဏ်ရာ အခြေအနေကိုလည်း လူသိရှင်ကြား ထုတ်ပြန်တာလည်း မရှိသေးတာဖြစ်ပါတယ်။ အဲဒါကြောင့် UFC 303 ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်အဖြစ် ပရိုချာဇကာနဲ့ ချန်ပီယံ အဲလက်စ်ပါရဲရားတို့ရဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်ကို ပြောင်းလဲ သတ်မှတ်ထားတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ဒက်စတင်ပိုရီရာကို အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးပွဲစဉ် ထိုးသတ်မှုပြုလုပ်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
မက်ဂရီဂေါဟာ နောက်ဆုံးထိုး သတ်ခဲ့တဲ့ ၄ ပွဲမှာ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီက ဒိုနယ်လ်ကို အနိုင်ရခဲ့တဲ့ပွဲက လွဲပြီး ကျန်တဲ့ ၃ ပွဲစလုံး အရေးနိမ့်ထားခဲ့ တာပါ။
မက်ဂရီဂေါဟာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၂၈ ပွဲထိုးသတ်ထားတာမှာ ၂၂ ပွဲအနိုင်ရပြီး ၆ ပွဲ အရေးနိမ့် ထားတာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ချန်ဒလာကလည်း နောက်ဆုံးထိုးသတ်ထားတဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာက ပွဲစဉ်မှာ ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့တာပါ။
ချန်ဒလာဟာ ပွဲပေါင်း ၃၁ ပွဲထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရကာ ၈ ပွဲအရေးနိမ့်ထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia