CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉

အသင်းခေါင်းဆောင် မက်ဆီနဲ့ နည်းပြ စကာလိုနီတို့ဟာ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပီရူး အသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ အာဂျင်တီးနားအသင်းက အတည်ပြုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ချီလီအသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ရရှိခဲ့တဲ့ မက်ဆီရဲ့ဒဏ်ရာဟာ သက်သာမှု မရှိတဲ့အတွက် ပီရူးအသင်း နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်ရမယ်လို့ အာဂျင်တီးနားအသင်း လက်ထောက်နည်းပြ ဆင်မြူရယ်က ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီး ဖြစ်တဲ့အတွက် ဒီပွဲစဉ်မှာ မက်ဆီ ပြန်လည်ပါဝင်ဖို့ နိုင်ငံအသင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ ချီလီအသင်းနဲ့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ကွင်းထဲကို နောက်ကျပြီးမှ ဝင်ရောက်လာခဲ့တဲ့အတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပွဲပယ်ခဲ့တာကြောင့် သူကလည်း ပီရူးအသင်းနဲ့ ပွဲစဉ်ကို ကိုင်တွယ်နိုင်တော့မှာ မဟုတ်ပါဘူး။

မက်ဆီကိုတွေ့ရစဉ်

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ စကာလိုနီကို ပွဲပယ်အပြင် အာဂျင်တီးနားအသင်းကိုလည်း ဒဏ်ကြေးငွေ ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခဲ့တာပါ။ 

အာဂျင်တီးနားအသင်းဟာ ပီရူးအသင်းနဲ့ပွဲစဉ်မှာ အရေးနိမ့်ခဲ့ရင်တောင် အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်ကို တက်မှာဖြစ်လို့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အများအပြားပြုလုပ်ပြီး လူငယ်ကစားသမားတွေကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။

ပီရူးအသင်းဟာ ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်ပဲ ရရှိထားလို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာ ဖြစ်ပါတယ်။ 

Source ESPN