CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃

အင်္ဂလန်အသင်းဟာ ဂျော်ဂျီယာနဲ့ ရိုမေးနီးယားမှာ ကျင်းပနေတဲ့ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး တစ်လုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၃၄ မိနစ်မှာ ဂေါ်ဒွန်က သွင်းယူခဲ့တာပါ။ 

ဒီပွဲမှာ ပေါ်တူဂီအသင်းဟာ အင်္ဂလန်အသင်းထက် ဂိုးကန်သွင်းချက် ပိုမိုများပြားခဲ့ပေမယ့် အဆုံးသတ်ပိုင်း ပိုမို ကောင်းမွန်တဲ့ အင်္ဂလန်အသင်းက အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ အခုအချိန်ထိ ပေးဂိုးမပေးရသေးဘဲ ခံစစ်ပိုင်းကလည်း အကောင်းဆုံး စွမ်းဆောင် ရည်တွေကို ပြသထားတာပါ။

အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ အုပ်စုတွင်းမှာ တွေ့ဆုံခဲ့တဲ့ အစ္စရေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုတွင်း ယှဉ်ပြိုင်မှုမှာတုန်းက အင်္ဂလန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ တက်နိုင်ဖို့ ရေပန်းစားနေတာပါ။

အင်္ဂလန်နဲ့ ပေါ်တူဂီအသင်း ယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ၄ သင်းစာရင်းကို ရောက်ရှိခဲ့ တာဖြစ်သလို ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ကာစလေက “ကျနော်တို့ဟာ ပေါ်တူဂီအသင်းကို အသိအမှတ် အများကြီးပေးရမှာပါ။ သူတို့ဟာ ဒီပွဲမှာ အလွန်ကောင်းခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေကို အနိုင်ယူ နိုင်တယ်ဆိုတာကို ယုံကြည်မှု အပြည့်ရှိနေရမယ်”လို့ ပြောခဲ့ပါတယ်။

နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာတော့ ယူကရိန်းအသင်းက ပြင်သစ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။ 

အဲဒါကြောင့် ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် အစ္စရေးလ်နဲ့ အင်္ဂလန်၊ စပိန်နဲ့ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေကို ဇူလိုင် ၅ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: BBC