CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ် နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်က ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ အတည်ပြု ပြောလိုက်ပါတယ်။

အိုဆင်ဟမ်က “တစ်နေ့ကျရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားချင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ ကျနော့်ရဲ့ ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် တခြားအစီအစဉ်တွေ ရှိပါသေးတယ်။ ဒါကြောင့် အချိန်တန်ရင် လူတိုင်းက ဒါကိုသိမှာပါ”လို့ ပရီးမီးယားလိဂ်မှာ ကစားချင်လားလို့ မေးခဲ့တဲ့အပေါ် ဖြေကြားခဲ့တာပါ။

အိုဆင်ဟမ်ဟာ မကြာသေးခင်ကမှ နာပိုလီအသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် သက်တမ်းတိုး စာချုပ်ချုပ်ဆို ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်း အပါအဝင် ဥရောပထိပ် တန်းကလပ် အများအပြားရဲ့ ချိတ်ဆက်မှုကို ခံခဲ့ရတာပါ။

အိုဆင်ဟမ်ကို တွေ့ရစဉ်

နာပိုလီနဲ့ အိုဆင်ဟမ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သစ်မှာ နိုင်ဂျီးရီးယားကစားသမားကို ခေါ်ယူမယ်ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၁၃၀ ပေးရမယ်ဆိုတဲ့ အချက်ပါဝင်နေပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်ကိုလာဖို့ ဆန္ဒရှိနေတဲ့ အိုဆင်ဟမ်ကို ခေါ်ယူချင်နေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေတာပါ။

ရီးရယ်လ်အသင်းကလည်း ဘတ်ပီကို ခေါ်ယူဖို့ အဆင်မပြေရင် အိုဆင်ဟမ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါ တယ်။ 

အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်း စီးရီးအေဖလား ရယူနိုင်အောင် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့အတူ သူလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။

အိုဆင်ဟမ်ဟာ လက်ရှိအချိန်မှာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ နိုင်ဂျီးရီးယား အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး နိုင်ဂျီးရီးယားအသင်းဟာ အဖွင့်ပွဲစဉ်မှာ အီကွေတို ရီရယ်လ်ဂီနီအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တာ ဖြစ်ပါတယ်။ 

Source: Goal