CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ၈ ပတ်ကြာ အနားယူရမယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကြောင့် လီဆန်ဒရိုမာတီနက်ဇ်ဟာ အစောဆုံး ဧပြီလအထိ အနားယူရတော့မှာပါ။ 

ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဝက်စ်ဟမ်းအသင်း နောက်ခံလူ ကူဖယ်လ်ဘောလုံး မရယူနိုင်အောင် ကာဖို့ကြိုးစားခဲ့တာမှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား နောက်ခံလူဟာ ဆေးကုသမှုခံယူပြီးနောက် ဆက်ကစားဖို့ ကြိုးစားခဲ့သေးပေမယ့် အဆင်မပြေ တော့တာကြောင့် ဗာရန်းနဲ့ လူစားလဲခဲ့ရတာပါ။

အသက် ၂၆ နှစ်အရွယ်ရှိ လီဆန်ဒရိုမာတီနက်ဇ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၃ လကျော်ကြာ အနားယူခဲ့ရ ပြီးနောက် ယူနိုက်တက်အသင်းအတွက် ပွဲအနည်းငယ်သာ ပြန်ကစားခဲ့ရသေးပေမယ့် နောက်ထပ် ဒဏ်ရာရရှိသွား ခဲ့တာ ဖြစ်ပါတယ်။ 

 လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာရသွားလို့ ယူနိုက်တက်ကစားသမားတွေ ကူညီနေကြစဉ်

ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ မလိုဘူးလို့ ယူနိုက်တက်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

လီဆန်ဒရိုမာတီနက်ဇ်ကတော့ သူမကြာခင် ပြန်လာပြီး အသင်းနဲ့အတူတူ တိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါ တယ်။

၂၀၂၂ ခုနှစ်က အေဂျက်စ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းမှာ အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၂၂ ပွဲကို လွဲချော်ထားခဲ့ တာပါ။

ယူနိုက်တက်အသင်း အတွက်တော့ ရလဒ်ကောင်းတွေရရှိနေတဲ့ အချိန်မှာ အာဂျင်တီးနား ကစားသမားကို ၈ ပတ် ကြာ လက်လွှတ်ရမှာဖြစ်လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အနိုင်ရပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC