CNI Sport News 

၂၀၂၄ ခုနှစ်၊ မေလ ၂၁

လီဗာပူးလ်အသင်း နည်းပြသစ်ဖြစ်လာတဲ့ အာနီဆလော့က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်အသင်းတွေထဲက တစ်သင်းမှာ အလုပ်လုပ်ခွင့်ရမယ့် အခွင့်အရေးကို လျစ်လျူရှုဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

အာနီဆလော့က “အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ခံစားခဲ့ရပြီး အံ့သြစရာကောင်းတဲ့ လူအများအပြား နဲ့ အောင်မြင်စွာ လုပ်နိုင်ခဲ့တဲ့ ကလပ်ကနေ ထွက်ခွာရတာဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကြီးမားဆုံး ကလပ်အသင်းတွေထဲက တစ်သင်းနဲ့ ပရီးမီးယားလိဂ်မှာ နည်းပြဖြစ်မယ့် အခွင့်အရေးကို လျစ်လျူရှုဖို့က ခက်ခဲ တယ်လို့”ဖီယင်နုအသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဖီယင်နုအသင်းကို လျော်ကြေး ပေါင် ၉.၄ သန်း ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

ဂျာမနီလူမျိုးနည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို သူ့ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် ကိုင်တွယ်သွားခဲ့ပြီး ပွဲအပြီးမှာ နည်းပြသစ် အာနီဆလော့ရဲ့ နာမည်ကို သီဆိုခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက်စ်ကိုတွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ဇွန်လ ၁ ရက်မှာ နည်းပြသစ်အဖြစ် စတင် တာဝန်ယူတော့မှာပါ။

အာနီဆလော့ဟာ ဖီယင်နုအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၃ ရာသီမှာ ဒတ်ချ်အမှတ်ပေးဖလားနဲ့ ဒတ်ချ်ဖလားတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ နွေရာသီက စပါးအသင်းရဲ့ ချိတ်ဆက်မှု ခံခဲ့ရပေမယ့် ဖီယင်နုအသင်းမှာပဲ ဆက်ရှိခဲ့တာဖြစ်ပြီး အခု လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကိုတော့ ငြင်းဆန်ခဲ့ခြင်းမရှိတာပါ။ 

လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာပြီးနောက်မှာ တိုက်စစ်မှူး ဆာလက်ဟာ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ ဆာလက်ကို ခေါ်ယူဖို့ ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပေမယ့် ဒီနွေရာသီမှာ ထပ်ပြီးကမ်းလှမ်းလာဖို့ ရှိနေတာပါ။ 

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ 

Source: BBC