CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆

ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့ နံပတ်တစ် ဂိုးသမားအဖြစ် နူအာကိုသာ အသုံးပြုမှာဖြစ်လို့ သူ့ရဲ့အခြေအနေကို မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

တာစတီဂျန်က “ဒါက သာယာဖွယ်ကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပြက ဆုံးဖြတ် ချက်ချခဲ့ပြီး ကျနော်ဟာ ဒါကို သူနဲ့ သဘောမတူရင်တောင် လက်ခံရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့ တာပါ။

တာစတီဂျန်ဟာ ဘာစီလိုနာအသင်းမှာ နံပါတ်တစ် ဂိုးသမားအဖြစ် လက်စွမ်းပြသနေပေမယ့် ဂျာမနီအသင်းမှာ တော့ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူအာရဲ့နောက် ဒုတိယဂိုးသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ 

အိမ်ကွင်းမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းဟာ နူအာကိုသာ နံပါတ်တစ်ဂိုးသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့လို့ တာစတီဂျန်ဟာ အရန်ခုံမှာသာ ထိုင်ရဖို့ရှိနေတာပါ။

တာစတီဂျန်ကို တွေ့ရစဉ်

အဲဒါကြောင့် တာစတီဂျန်က နည်းပြ နာဂျယ်လ်စမန်းရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေမယ့် သဘောတူတာတော့ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်း ဂိုးသမားဟာ ဂျာမနီအသင်းမှာ နံပါတ်တစ်ဂိုးသမား နေရာမရလို့ စိတ်ပျက်နေပေမယ့် နိုင်ငံအသင်းကနေ အနားယူမယ့် သတင်းတွေကို ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် သူနဲ့ နူအာရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်မှုရှိနေဆဲ ဖြစ်တယ်လို့ တာစတီဂျန်က ပြောခဲ့တာပါ။

တာစတီဂျန်က “ကျနော်ဟာ နိုင်ငံအသင်းကို တတ်နိုင်သလောက် အကူအညီပေးသွားမှာပါ။ နူအာနဲ့ ကျနော့်ရဲ့ ကြားမှာလည်း ဘာမှမဖြစ်ပါဘူး။ ကျနော်ဟာ သူအမှားအယွင်း လုပ်မှာကို ဘယ်တော့မှ လိုလားတဲ့သူ မဟုတ်ပါ ဘူး။ ဒါက ကျနော်မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဂျာမနီအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့တဲ့ တာစတီဂျန်ဟာ ပွဲပေါင်း ၄၀ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။

Source: Goal