CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉

သြစတြီးယားအသင်းနဲ့ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးသွားခဲ့တဲ့ ဘတ်ပီဟာ နယ်သာလန်အသင်းနဲ့ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ပြင်သစ်အသင်းက သြစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘတ်ပီဟာ ဘောလုံးကို ခေါင်းခုန် တိုက်ရာ ပြိုင်ဘက်အသင်း နောက်ခံလူ ဒန်ဆိုရဲ့ ပခုံးနဲ့ သူ့ရဲ့မျက်နှာထိခိုက်မိပြီး နှာခေါင်းရိုးကျိုးသွားခဲ့တာပါ။ 

အဲဒါကြောင့် ဘတ်ပီဟာ ဆေးရုံကို ခေါ်ဆောင်သွားခံခဲ့ရပြီး အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဘတ်ပီဟာ နှာခေါင်းရိုးကျိုးခဲ့ပေမယ့် ခွဲစိတ်ဖို့မလိုအပ်ဘူးလို့ ထုတ်ပြန်ထားတာပါ။

ဘတ်ပီအနေနဲ့ ပြင်သစ်အသင်းရဲ့ လာမယ့် အုပ်စုပွဲတွေမှာ ပါဝင်ခဲ့မယ်ဆိုရင် မျက်နှာဖုံးတပ်ဆင်ပြီး ကစားရမှာ ဖြစ်ပါတယ်။ 

ဘတ်ပီကိုတွေ့ရစဉ်

သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီရဲ့ဒဏ်ရာ အခြေအနေ ဟာ မကောင်းဘူးလို့ ပြောထားတာပါ။

ဒါပေမယ့် ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်နဲ့ ဘောလုံးအဖွဲ့ချုပ်တို့က ဘတ်ပီအနေနဲ့ အမြန်ဆုံး ပြန်ကောင်းမွန် ပြီး ယူရိုအုပ်စုပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း ၈၀ ပါဝင်ကစားထားပြီး ၄၇ ဂိုး သွင်းယူထား ပေမယ့် ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ 

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ရရှိထားတဲ့ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ အုပ်စု လက်ကျန်ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၁ ရက်မှာ နယ်သာလန်၊၂၅ ရက်မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပြင်သစ်အသင်းအနေနဲ့ အုပ်စုဒုတိယ ပွဲစဉ်ဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ၁၆ သင်း အဆင့်ကို စောစီးစွာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Source: BBC