CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂

ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ထပ်ပြီး လွဲချော်ခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ သံသယတွေဟာ ကြီးထွားလာနေတာ ဖြစ်ပါတယ်။

လုပ်ခ်ရှောဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဖေဖော်ဝါရီလ ကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ ရာသီအကုန်ထိ အနားယူခဲ့ရတာပါ။ 

ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ လုပ်ခ်ရှောကို ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ် မတိုင်ခင် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်လာခဲ့လို့ သူ့ကို အသုံးပြုနိုင်ဖို့ နည်းပြဆောက်ဂိတ်က မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် လုပ်ခ်ရှောဟာ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့ပြီး ဒိန်းမတ် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာတော့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ 

လုပ်ခ်ရှောဟာ အင်္ဂလန်အသင်း လူစာရင်းနဲ့ အဝေးမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး အသင်းအဖွဲ့နဲ့ ပြုလုပ်မယ့် လေ့ကျင့်ခန်း အစီအစဉ်ကို ထပ်ပြီးလွဲချော်ခဲ့တာပါ။

အဲဒါကြောင့် လုပ်ခ်ရှောအနေနဲ့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်မှုတွေ ပိုပြီးတိုးလာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လုပ်ခ်ရှော မပါဝင်နိုင်တဲ့ ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ဘယ်နောက်ခံလူအဖြစ် ထရစ်ပီယာကို အသုံးပြုခဲ့ပြီး ဆလိုဗေးနီးယားအသင်းနဲ့ ပွဲစဉ်မှာလည်း သူ့ကိုပဲ ထပ်ပြီးပွဲထွက်အသုံးပြုဖို့ ရှိနေတာပါ။

လုပ်ခ်ရှောကတော့ အင်္ဂလန်အသင်းအတွက် အမြန်ဆုံးပါဝင်နိုင်ဖို့ တစ်ဦးချင်းလေ့ကျင့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာပါ။

အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ဇွန်လ ၂၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Goal