CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈

အင်္ဂလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အိုက်စလန်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်လိမ့်မယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

ဆောက်ဂိတ်က “ယူရိုပြိုင်ပွဲအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ အိုက်စလန်အသင်းနဲ့ပွဲမှာတော့ ကျနော်တို့ဟာ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမှာ အနိုင်ရယူနိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဟာ အခွင့်အရေးတွေ အများကြီးကို လက်လွှတ်ခဲ့ရ ပါတယ်”လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် အိုက်စလန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်း ဂိုးပေါက်တည့်မှု အနည်းဆုံး ဖြစ်ခဲ့တာပါ။ 

အင်္ဂလန်အသင်းနဲ့ အိုက်စလန်အသင်း ယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်း ပရိသတ်တွေဟာ အိုက်စလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပြီး နည်းပြ ဆောက်ဂိတ်က ဒါကို သူနားလည်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ဆောက်ဂိတ်က သူတို့ဟာ ယူရိုပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်လိမ့်မယ်လို့လည်း ပြောခဲ့တာပါ။

အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ဂူဟီတို့ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ ရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် အဓိကနောက်ခံလူ မက်ဂွဲယားကို ယူရိုပြိုင်ပွဲရဲ့ အပြီးသတ် လူစာရင်းမှာ ချန်လှပ်ခဲ့ရတာပါ။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ESPN