CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နောက်ဆုံး နိုင်ငံရေး အ ခြေအနေများနှင့်ပတ်သက်ပြီး The Elders ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံမှုကို ဧပြီ ၂၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

မစ္စတာ ဘန်ကီမွန်းသည် ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ- တပ်မတော်ကြား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အသိသက်သေ အဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။