CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် နားမကျင်ဖြစ်ကာ ယနေ့ (မေလ ၁၃ ရက်) ညနေပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယနေ့ ညနေ ၆ နာရီတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

၎င်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် KIA သို့ဝင်ရောက်ခဲ့ပြီး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ရင် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာပဲ KIA ဒုစစ်ဦးစီးချုပ် ရာထူးမှ စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။