CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ AYA ဘဏ်မှ မန်နေဂျာတစ်ဦးသည် ကျပ်သိန်းပေါင်း ၂ သိန်းကျော် အလွှဲသုံးစားလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ဘဏ်နှင့်နီးစပ်သူများထံမှ သိရသည်။

အဆိုပါ မန်နေဂျာသည် ငွေကြေးအလွှဲသုံးစားလုပ်ပြီးနောက် မိသားစုလိုက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားခြင်း ဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူများက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။