CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃

အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီဟာ ဧပြီလအတွက် မေဂျာလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဧပြီလထဲ ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ် ၄ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင် ၁ ပွဲ သရေကျ ခဲ့တာပါ။ 

မက်ဆီဟာ ဒီပွဲတွေမှာ အင်တာမိုင်ယာမီ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၆ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးနိုင်ခဲ့ တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း မက်ဆီဟာ ဧပြီအတွက် မေဂျာလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက် တန်တန် ရရှိသွားခဲ့တာပါ။ 

မက်ဆီအတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံး မေဂျာလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒဏ်ရာကြောင့် ရာသီအစပိုင်း အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ခဲ့ပြီး ဧပြီအစောပိုင်းမှ ပြန်လည် ပါဝင်နိုင်ခဲ့တာပါ။ 

မက်ဆီကို တွေ့ရစဉ်

မက်ဆီဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၉ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေ သလို ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံးစာရင်းမှာ အာရန်ဂို၊ ရောဘင်လော့ဒ်တို့နဲ့အတူ ပူးတွဲ ရပ်တည် နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွက် မေဂျာလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မက်ဆီရဲ့ အသင်းဖော် ဆွာရက်ဇ်က ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အင်တာမိုင်ယာမီ အသင်းဟာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၂ လဆက်တိုက် ရရှိခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မေဂျာလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

အင်တာမိုင်ယာမီ အသင်းဟာ မေလ ၄ ရက်မှာ နယူးယော့ခ်ရက်ဘူးလ်အသင်းနဲ့ မေဂျာလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal