CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

မန်စီးတီးအသင်းဂိုးသမား အီဒါဆန်ဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလား ပြိုင်ပွဲယှဉ်ပြိုင်မယ့် ဘရာဇီးလ် အသင်း လူစာရင်းကနေ နုတ်ထွက်လိုက်ပါတယ်။

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ အီဒါဆန်ရဲ့ နေရာမှာ ဂိုးသမားတစ်ဦးကို အစားထိုးခေါ်ယူခဲ့သလို နောက်ထပ် ကစားသမား ၃ ဦးကိုလည်း လူစာရင်းထဲ ထည့်ပြီးပေါင်းထည့်ခဲ့တာပါ။

အီဒါဆန်ဟာ မန်စီးတီးအသင်းက စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်း နောက်ခံလူ ရိုမဲရိုးနဲ့ ထိခိုက်မိပြီး မျက်လုံးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အီဒါဆန်ဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် အီဒါဆန်ဟာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလား အောင်ပွဲခံ အခမ်းအနားမှာ အသင်းဖော် တွေနဲ့အတူ အောင်ပွဲခံခဲ့တာပါ။ 

မန်စီးတီးအသင်းကို တွေ့ရစဉ်

ဘရာဇီးလ်အသင်းဟာ အခုလအစောပိုင်းက ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ကွင်းလယ်လူ ကတ်စမဲရိုး၊ တိုက်စစ်မှူးတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ဂျီးဆပ်စ်တို့ ပါဝင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဂိုးသမား အီဒါဆန်ရဲ့ နေရာအတွက် ဆော်ပေါ်လို ဂိုးသမား ရာဖေးလ်ကို ခေါ်ယူခဲ့ပြီး နောက်ထပ် ခေါ်ယူခဲ့တဲ့ ကစားသမား ၃ ဦးကတော့ ဂျူဗင်တပ်စ်အသင်း နောက်ခံလူ ဘရီမာ၊ အတ္တလန်တာ အသင်း ကွင်းလယ်လူ အီဒါဆန်နဲ့ ပေါ်တိုအသင်း တိုက်စစ်မှူး ပီပီတို့ ဖြစ်ပါတယ်။

ကိုပါအမေရိကဖလား ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၄ ခုနှစ်အတွက် ကျင်းပမယ့် ပြိုင်ပွဲရဲ့ အုပ်စု D မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကော်စတာရီကာ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ 

ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကော်စတာရီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင်မှာ မက္ကဆီကို၊ အမေရိကန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

Source: CNA