CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား ဆန်ချိုကို ပေါင်သန်း ၄၀ ရရင် နွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ် ထားတယ်လို့ BBC Sport က ဖော်ပြထားပါတယ်။

ဆန်ချိုဟာ နည်းပြအဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ အသင်း ဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့တာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဂျာမန်ကလပ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်ဟာ နည်းပြ အဲရစ်တန်ဟတ် အသင်းမှာဆက် ရှိ/မရှိအပေါ်မှာ မူတည်နေတာပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အသင်းကို ဘယ်နည်းပြပဲ ကိုင်တွယ်တွယ် ဆန်ချိုကို နွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ပေါင်သန်း ၄၀ လိုချင်နေတာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို လာမယ့်ရာသီမှာ ထပ်ပြီးခေါ်ယူချင်ပေမယ့် အပြီးသတ် မဟုတ်ဘဲ အငှားနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ 

ဆန်ချိုကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ FFP ကန့်သတ်ချက်တွေကြောင့် အပြောင်းအရွှေ့ အသုံးစရိတ်တွေကို အကန့်အသတ်နဲ့ သာ သုံးစွဲရမှာဖြစ်လို့ ဆန်ချိုကို အပြီးသတ် ရောင်းချချင်နေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်က ပေါင် ၇၃ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ နှစ်သာ ကျန်ရှိတော့တာပါ။ 

ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၂ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ကာရာဘောင်းဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခြင်း မခံရတာကြောင့် လက်ရှိအချိန်မှာ အနားယူမှုပြုလုပ်နေတာပါ။

ဆန်ချိုဟာ ရာသီသစ်အတွက် ယူနိုက်တက်အသင်းနဲ့ လာရောက် မပူးပေါင်းခင် သူ့အနာဂတ်ကို ဆုံးဖြတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။

Source: BBC