CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစ်စနယ်ဝန်းကွပ်ကွဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို တွေ့ဆုံပွဲတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးလည်း တက်ရောက်ခဲ့သည်။

လက်ရှိ မြန်မာ-တရုတ် နယ်စပ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။