CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

အာဆင်နယ်အသင်း ကစားသမားဟောင်း ပီတစ်က တိုက်စစ်မှူး ဘန်ဇီမာဟာ ပရီးမီးယားလိဂ်မှာ အောင်မြင် မယ်လို့ မထင်ထားတဲ့အတွက် အသင်းဟောင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကို ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။

ပီတစ်က “ဘန်ဇီမာ ဆော်ဒီမှာရရှိနေတဲ့ တူညီတဲ့ငွေပမာဏကို ဘယ်အင်္ဂလိပ်ကလပ်မှ ပေးနိုင်မယ်လို့ မထင်ပါ ဘူး။ သူကလည်း ပရီးမီးယားလိဂ်ကို လာချင်မယ်လို့ ကျနော်မထင်ပါဘူး။ ပရီးမီးယားလိဂ်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ အလွန်ခက်ခဲပြီး စပိန်လာလီဂါလို မဟုတ်ပါဘူး။ သူဟာ ရီးရယ်လ်အသင်းနဲ့ အောင်မြင်မှု အများ ကြီးရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ရခဲ့တာမှမဟုတ်တာ။ ကျနော်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ဘန်ဇီမာ ကို မခေါ်ယူသင့်ဘူးလို့ ထင်ပါတယ်။ သူတို့အနေနဲ့ အခြားတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ လုပ်သင့်တယ်”လို့ ပြော ခဲ့တာပါ။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့နွေရာသီက ၁၄ နှစ်ကြာ ကစားခဲ့တဲ့ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ၆ လအကြာမှာပဲ ဘန်ဇီမာဟာ ဥရောပကို ပြန်လာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

အဲ့ဒါကြောင့် တိုက်စစ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။

ဘန်ဇီမာကို တွေ့ရစဉ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ အန်ကီတီယာတို့ ၂ ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ထားတာကြောင့် အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စောင့်ကြည့် မှုတွေ ပြုလုပ်နေတာပါ။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းထဲမှာ သွင်းဂိုး အနည်းဆုံး သွင်းယူထားတာက ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် အတားအဆီး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ အင်္ဂလန်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေ ပေမယ့် ဘရန်ဖို့ဒ်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ သတ်မှတ်ထားတာကြောင့် အခက်တွေ့နေတာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ခေါ်ယူဖို့ မလိုဘူးလို့ ပြောထားပေမယ့် အငှားနဲ့ ခေါ်ယူလို့ရနိုင်မယ့် ဘန်ဇီမာကို အသင်းဘက်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Source: Metro